Wi-Fi IP ကို ဘယ်လို အသေ ထားရမလဲ?
Wi-Fi လိုင်း အများစုက DHCP ဟု ခေါ်သော Dynamic Host Configuration Protocol ကို အသုံးပြုပြီး IP address များကို ထုတ်ပေးပါသည်။ ထို့ကြောင့် အချို့စက်များတွင် တစ်ကြိမ် ချိတ်လိုက်တိုင်း IP address အသစ် ပြောင်းနေရခြင်း ဖြစ်ပါသည်။ Wi-Fi IP ကို အသေ ထား၍လည်း ရပါသည်။
အဆင့် ၁။ Wi-Fi ၏ Gateway IP address ယူပါ
Xiaomi ဖုန်းများတွင်Gateway IP (Router IP) ကို Settings > WLAN > ချိတ်ထားသော Wi-Fi > details တွင် ကြည့်ရှုနိုင်ပါသည်။

အခြားဖုန်းများတွင် Gateway IP ကို Wi-Fi Monitor app အသုံးပြုပြီး ကြည့်ရှုနိုင်ပါသည်။

မှတ်ချက်
Wi-Fi Monitor app သည် ADB Remote app နှင့် သက်ဆိုင်ခြင်း မရှိပါ။
အဆင့် ၂။ assignable IP address ယူပါ
အလွယ်ရယူနည်း
Wi-Fi ၏ Gateway IP သည် 192.168.167.162 ဖြစ်လျှင် assignable IP သည် 192.168.167.1 မှ 192.168.167.254 အတွင်း ဖြစ်ပါသည်။ ၎င်းအတွင်းမှ နှစ်သက်ရာ IP တစ်ခုကို ရွေးပါ (reserved IP ဖြစ်သော ပထမဆုံးနှင့် နောက်ဆုံးနံပတ်ကို မရွေးရပါ)။ ဥပမာ -
- 192.168.167.1
- 192.168.167.2
- 192.168.167.3
- ...
- 192.168.167.254 စသည် ..
အသေးစိတ် ရှင်းလင်းချက်
assignable IP address အသေတစ်ခု ရွေးချယ်နိုင်ရန် Gateway IP နှင့် Subnet mask (Netmask) တို့ကို သိရန် လိုပါသည်။ IPv4 address တစ်ခုကို (octets) ဟု ခေါ်သော နံပတ်အုပ်စု ၄ ခုနှင့် ဖွဲ့စည်းထားပြီး အုပ်စုတစ်ခုတွင် နံပတ် 0 မှ 255 အတွင်း ရှိပါသည်။
ဥပမာ။ Wi-Fi ၏ Gateway IP သည် 192.168.167.162 ဖြစ်ပြီး ပုံမှန် Subnet mask (Netmask) 255.255.255.0 ကို အသုံးပြုထားပါက network သည် 192.168.167.0/24 range အတွင်းတွင် ရှိပါသည်။ ထို range တွင် -
192.168.167.0 သည် network identifier (reserved) ဖြစ်သည်။ 192.168.167.255 သည် broadcast address (reserved) ဖြစ်သည်။ ထို့ကြောင့် assignable IP addresses များမှာ 192.168.167.1 မှ 192.168.167.254 အထိ ဖြစ်ပါသည်။
၎င်း range အတွင်းမှ နှစ်သက်ရာ IP တစ်ခုကို ရွေးချယ် အသုံးပြုနိုင်ပါသည်။
အဆင့် ၃။ IP settings ကို static သို့ ပြောင်းပါ
ချိတ်မည့်စက်တွင် Settings ကို ဖွင့်ပါ။ Network and Internet ကို နှိပ်ပြီး ချိတ်ထားသော Wi-Fi ကို ရွေးပါ။

IP settings ကို နှိပ်ပြီး DHCP မှ Static သို့ ပြောင်းပါ။

IP address နေရာတွင် အထက်မှ ရွေးခဲ့သော assignable IP address တစ်ခု ဖြည့်ပါ။ ဥပမာ -
192.168.167.1Gateway နေရာတွင် Wi-Fi ၏ Gateway IP address ကို ထည့်ပါ။ ဥပမာ -
192.168.167.162အခြား ကွက်လပ်များကို မူလအတိုင်းထားပါ။ ဥပမာ -
ကွက်လပ် မူလတန်ဖိုး Network prefix length 24 DNS 1 8.8.8.8 DNS 2 8.8.4.4
ပြီးလျှင် ရွေးချယ်ထည့်သွင်းထားသော IP address အသေ ဖြင့် အသုံးပြုနိုင်ပြီ ဖြစ်ပါသည်။ ✨